မွေးရာပါ/မျက်မမြင်/တစ်ဦး/ကို မျက်စိ/မြင်စေတော်မူခြင်း
9
ယေရှု/သည် လမ်းလျှောက်ကြွတော်မူ/စဉ် မွေးရာပါ/မျက်မမြင်/တစ်ဦး/ကို တွေ့မြင်တော်မူ၏။ 2 တပည့်တော်တို့/က “ဆရာတော်a… ဤ/သူ/သည် အဘယ်ကြောင့် မျက်စိ/မမြင်ဘဲ မွေးဖွားလာရသနည်း။ သူ/၏ အပြစ်ကြောင့်လော။ မိဘများ/၏ အပြစ်ကြောင့်လော” ဟု မေးလျှောက်ကြ၏။3 ယေရှု/က “သူ/၏/အပြစ်/ကြောင့် မဟုတ်။ မိဘများ/၏ အပြစ်/ကြောင့်လည်း မဟုတ်။ ဘုရားသခင်/၏/တန်ခိုးတော် သူ့/အပေါ်/ထင်ရှား/စေရန်/ဖြစ်၏။ 4 ငါ့/ကို စေလွှတ်တော်မူသော/အရှင်/၏ အမှုကိစ္စတို့/ကို နေ့အချိန်/၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်/နိုင်သော/ညအချိန် ရောက်လာ/လိမ့်မည်။ 5 ငါ/သည် ဤ/လောက/တွင် ရှိ/နေစဉ် လောက/၏ အလင်း/ဖြစ်၏” ဟု မိန့်တော်မူ၏။
6 ထို့နောက် မြေ/ပေါ်/သို့ တံတွေး/ထွေးပြီး/လျှင် ရွှံ့/လုပ်/၍ ထို/မျက်မမြင်/၏ မျက်စိ/ပေါ်၌ လိမ်းတော်မူ၏။ 7 မျက်မမြင်/ကိုလည်း “ရှိလောင်/ရေကန်/သို့ သွား/၍ ဆေးကြောလော့” ဟု မိန့်တော်မူ၏။ ရှိလောင်/၏ အဓိပ္ပာယ်/မှာ “စေလွှတ်သည်” ဟု ဆိုလို၏။ ထို/သူ/သည် သွား/၍ ဆေးကြော/ပြီး/သောအခါ မျက်စိမြင်/သဖြင့် အိမ်/သို့ ပြန်လေ၏။
8 ထို့ကြောင့် သူ/၏ အိမ်နီးချင်းများ/နှင့် ယခင်/က သူ့/ကို မျက်မမြင်/သူတောင်းစား/အဖြစ် သိကြသော/သူများ/က “ဤ/သူ/သည် ထိုင်/လျက် တောင်းစားနေခဲ့သူ မဟုတ်လော” ဟု အချင်းချင်း/ပြောဆိုကြ၏။ 9 တချို့/က “ထို/သူ/ပင်/ဖြစ်၏” ဟု ဆိုကြ၏။ တချို့/က “ထို/သူ မဟုတ်ပါ။ သူ/နှင့် တူသော/သူ/ဖြစ်၏” ဟူ၍/လည်း ပြောဆိုကြ၏။ ထို/သူ/က “ကျွန်ုပ်/သည် ထို/သူ/ပင် ဖြစ်ပါ၏” ဟု ဆိုလေ၏။
10 ထိုအခါ လူတို့/က “သို့ဖြစ်လျှင် သင့်/မျက်စိ မည်သို့/မြင်လာသနည်း” ဟု မေးမြန်းကြ၏။
11 ထို/သူ/က “ယေရှု ဆိုသူ/သည် ရွှံ့/လုပ်/၍ ကျွန်ုပ်/မျက်စိ/ကို လိမ်း/ပြီးလျှင် ‘ရှိလောင်/ရေကန်/သို့ သွား/၍ ဆေးကြောလော့’ ဟု ဆို၏။ ထို့ကြောင့် ကျွန်ုပ်/သွား/၍ ဆေးကြော/သောအခါ မျက်စိ/မြင်လာပါသည်” ဟု ဖြေလေ၏။
12 သူတို့/က “ထို/သူ/သည် အဘယ်/မှာ ရှိသနည်း” ဟု မေးကြ/သော် ထို/သူ/က “ကျွန်ုပ်/မသိပါ” ဟု ဆို၏။
13 သူတို့/သည် မျက်မမြင်/ဖြစ်ခဲ့ဖူးသော ထို/သူ/ကို ဖာရိရှဲတို့/ထံ ခေါ်ဆောင်သွားကြ၏။ 14 ယေရှု ရွှံ့/လုပ်/၍ ထို/သူ/၏ မျက်စိ/ကို မြင်စေသော/နေ့/သည် ဥပုသ်နေ့/ဖြစ်၏။ 15 ဖာရိရှဲတို့/ကလည်း သူ/၏ မျက်စိ/မြင်လာပုံ/ကို မေးမြန်းကြ၏။ ထို/သူ/က “သူ/သည် ရွှံ့လုပ်/၍ ကျွန်ုပ်/မျက်စိ/ကို လိမ်း၏။ ကျွန်ုပ်/သည် မျက်စိ/ကို ဆေးကြော/လိုက်/သောအခါ မြင်လာပါသည်” ဟု ဖြေလေ၏။
16 ထို့ကြောင့် ဖာရိရှဲ/တချို့/က “သူ/သည် ဥပုသ်နေ့/တွင် အလုပ်လုပ်/သောကြောင့် ဘုရားသခင်/ထံတော်မှ လာသော/သူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့/က “သာမန်လူ အပြစ်သား/တစ်ဦး/သည် ထိုကဲ့သို့သော နိမိတ်/လက္ခဏာ/ကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့/အချင်းချင်း သဘောထား/ကွဲလွဲကြ၏။
17 ဖာရိရှဲတို့/က ထို/မျက်မမြင်/ဖြစ်ခဲ့ဖူးသူ/အား “သင့်/ကို မျက်စိ/မြင်အောင် သူ/သည် ပြုခဲ့သည်/ဖြစ်/၍ သင်/ပြောလော့။ သူ/သည် မည်သို့သော/သူ ဖြစ်မည်နည်း” ဟု ထပ်မံ/၍ မေးကြ၏။ ထို/သူ/ကလည်း “သူ/သည် ပရောဖက်/တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။
18 ထိုအခါ ဂျူးလူမျိုး/ခေါင်းဆောင်တို့/က ထို/သူ/သည် ယခင်/က မျက်စိမမြင်ဘဲ ယခု/မြင်လာသည်/ကို မယုံကြည်/သဖြင့် သူ/၏ မိဘများ/ကို ခေါ်/၍ 19 “ဤ/သူ/သည် သင်တို့/၏/သား ဟုတ်သလော။ သူ/သည် မွေးရာပါ/မျက်မမြင် ဖြစ်သလော။ မည်သို့ သူ/သည် ယခု မျက်စိ/မြင်သနည်း” ဟု မေးမြန်းကြ၏။
20 သူ/၏ မိဘများ/ကလည်း “သူ/သည် ကျွန်ုပ်တို့/၏/သား ဖြစ်ပါ၏။ မွေးရာပါ/မျက်မမြင်သော/သူလည်း/ဖြစ်ပါ၏။ 21 သို့သော် ယခု သူ/မည်သို့ မျက်စိ/မြင်လာသည်/ကို ကျွန်ုပ်တို့/မသိပါ။ မည်သူ/က သူ့/မျက်စိ/ကို မြင်စေခဲ့သည်/ကိုလည်း ကျွန်ုပ်တို့/မသိပါ။ သူ့/ကို/သာ မေးပါ။ သူ/သည်လည်း အရွယ်ရောက်ပြီ/ဖြစ်/သောကြောင့် သူ/ကိုယ်တိုင် ပြောပါ/လိမ့်မည်” ဟု ဖြေကြ၏။ 22 ဤသို့ ဖြေရခြင်း/မှာ သူတို့/သည် ဂျူးလူမျိုး/ခေါင်းဆောင်တို့/ကို ကြောက်ရွံ့/သောကြောင့်/ဖြစ်၏။ ဂျူးလူမျိုး/ခေါင်းဆောင်တို့/က ယေရှု/ကို ခရစ်တော်b/ဖြစ်သည်/ဟု ဝန်ခံသောသူ/ကို ဂျူး/ဝတ်ပြုဆောင်/မှ ထုတ်ပယ်မည်/ဟု ကြေညာထားကြ၏။
23 သို့ဖြစ်၍ သူ/၏ မိဘများ/က “သူ/သည်လည်း အရွယ်ရောက်ပါပြီ။ သူ့/ကို/မေးပါ” ဟု ဆိုကြခြင်း/ဖြစ်၏။
24 ထို့ကြောင့် သူတို့/သည် မျက်မမြင်/ဖြစ်ခဲ့ဖူးသူ/ကို ဒုတိယအကြိမ် ခေါ်/၍ “ဤ/အရာ/အတွက် ဘုရားသခင်/ရှေ့တော်/တွင် အမှန်/အတိုင်း ပြောလော့။ ထို/ယေရှု/သည် အပြစ်သား/ဖြစ်ကြောင်း ငါတို့/သိကြ၏” ဟု ဆိုကြ၏။
25 ထို/သူက “သူ/သည် အပြစ်သား/ဖြစ်သည်၊ မဖြစ်သည်/ကို ကျွန်ုပ်/မသိပါ။ ကျွန်ုပ်/သိသည်/မှာ ယခင်/က ကျွန်ုပ်/သည် မျက်မမြင်/ဖြစ်ခဲ့၏။ သို့သော် ယခု မျက်စိ/မြင်ပြီ” ဟု ဖြေဆို၏။
26 ထိုအခါ သူတို့/က “သူ/သည် သင့်/ကို မည်သို့/ပြုသနည်း။ သင့်/မျက်စိ/ကို မည်သို့/မြင်စေသနည်း” ဟု မေးကြပြန်၏။
27 ထို/သူ/က “သင်တို့/ကို ကျွန်ုပ် ပြောခဲ့ပြီ။ သို့သော် သင်တို့/သည် နားမထောင်ကြ။ အဘယ်ကြောင့် ထပ်မံ ကြားလိုကြသနည်း။ သင်တို့/သည်လည်း သူ/၏ တပည့်/ဖြစ်လိုကြသလော” ဟု ဆိုလေ၏။
28 ထိုအခါ ဖာရိရှဲတို့/က သူ့/အား “သင်/သည်သာ သူ/၏ တပည့်/ဖြစ်၏။ ငါ/တို့/မှာ မောရှေ/၏ တပည့်များ/ဖြစ်ကြ၏။ 29 ဘုရားသခင်/သည် မောရှေ/ကို မိန့်မြွက်ပြောဆိုသည်/ကို ငါတို့/သိကြ၏။ ဤ/သူ/သည် အဘယ်က/လာသည်/ကိုပင် ငါတို့/မသိပါ” ဟု ကဲ့ရဲ့/ရှုတ်ချ/လျက် ဆိုကြ၏။
30 ထို/သူ/က “သူ/သည် ကျွန်ုပ်/ကို မျက်စိ/မြင်စေခဲ့/သော်လည်း သင်တို့/က ထို/သူ/အဘယ်က/လာသည်/ကို မသိသည်/မှာ အံ့ဖွယ်/ကောင်းလှ၏။ 31 ဘုရားသခင်/သည် အပြစ်သားတို့/၏ စကား/ကို နားထောင်တော်/မမူကြောင်း ကျွန်ုပ်တို့/သိကြ၏။ သို့သော် ဘုရားသခင်/ကို ကိုးကွယ်/၍ အလိုတော်/ကို လိုက်နာသော/သူ/၏ စကား/ကိုမူ ဘုရားသခင်/နားထောင်တော်မူ၏။ 32 မွေးရာပါ/မျက်မမြင်/ကို မျက်စိမြင်စေခြင်း/အကြောင်း ကမ္ဘာဦး/မှစ၍ မည်သည့်/အခါ/ကမျှ မကြားခဲ့ဖူးပါ။ 33 ဤ/သူ/သည် ဘုရား/ထံတော်မှ ကြွလာသူ/မဟုတ်/လျှင် ဤ/အမှု/ကို ပြုနိုင်မည်/မဟုတ်” ဟု ဆိုလေ၏။
34 သူတို့/ကလည်း “သင်/သည် အပြစ်/အပြည့်/နှင့် မွေးလာသူ/ဖြစ်/လျက်နှင့်/ပင် ငါတို့/ကို သွန်သင်နေသလော” ဟု ဆို/ကာ ဝတ်ပြုဆောင်/မှ နှင်ထုတ်ကြ၏။
ဝိညာဉ်/မျက်စိကန်းခြင်း
35 ထိုသို့ နှင်ထုတ်သည့်/အကြောင်း/ကို ယေရှု/ကြားသိ/ပြီးနောက် ထို/သူ/ကို တွေ့မြင်တော်မူ/သော် “သင်/သည် လူသားc/ကိုd ယုံကြည်သလော” ဟု မေးတော်မူ၏။
36 ထို/သူ/က “သခင်… အကျွန်ုပ်/ယုံကြည်/လိုပါ၏။ ထို/သူ မည်သူ/ဖြစ်သည်/ကို ပြောပြပေးပါ” ဟု လျှောက်လေ၏။
37 ယေရှု/က “သူ့/ကို သင်/မြင်ဖူးပြီ။ သူ/သည် ယခု/သင်/နှင့် စကားပြောနေသော/သူ ဖြစ်၏” ဟု မိန့်တော်မူ၏။
38 ထိုအခါ သူ/က “အကျွန်ုပ် ယုံကြည်ပါ၏ သခင်” ဟု ဆိုကာ ပျပ်ဝပ်/ကိုးကွယ်လေ၏။
39 ထိုအခါ ယေရှု/က “မျက်မမြင်များ မျက်စိမြင်/စေရန်/နှင့် မျက်စိမြင်သော/သူများ/ကို မျက်စိကန်း/စေရန်/ဟူသည့် တရားစီရင်ခြင်း/အတွက် ဤ/လောက/သို့ ငါ/ကြွလာ၏” ဟု မိန့်တော်မူ၏။
40 ယေရှု/အနီး/၌ ရှိနေသော ဖာရိရှဲ/တချို့/က ထို/စကားတော်/ကို ကြား/သောအခါ “ငါတို့/သည် မျက်မမြင်/ဖြစ်ကြသလော” ဟု ဆိုကြ၏။
41 ယေရှု/က သူတို့/အား “သင်တို့/သည် မျက်မမြင်/ဖြစ်/ပါက အပြစ်/မရှိ။ သို့သော် သင်တို့/က ‘ငါတို့/သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့/တွင် အပြစ်/ရှိနေသေးသည်” ဟု မိန့်တော်မူ၏။